ပင်လုံ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား/သူများမှ “ကြိုဆိုပါတယ်စုံညီပွဲတော်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ပြီးနောက် အမှတ်(၂)ဝန်တင်တပ်ရင်းမှူး၊ မြို့အုပ်ချုပ်ရေးမှူး၊ ခရိုင်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးရုံးမှ ဒုမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။
၄င်းနောက် ပညာရည်ချွန်ဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် အ.ထ.က(၂) ကျောင်းသား/သူများက တေးသရုပ်ဖော်အက၊ အလှများဖြင့် အစီအစဥ်အတိုင်း ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)