တွံတေး ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နမူနာမေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်မြချို ကိုယ်စားဒုတိယ မြို့နယ်ပညာရေးမှူး ဦးနန်းဦးက Grade-5 နမူနာမေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းဆိုင်ရာများ အကျယ်တဝင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ (Grade-5) နမူနာမေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းဆိုင်ရာဆွေးနွေးပွဲသို့ Grade-5 အတွက် သင်တန်းသား ဆရာ၊ ဆရာမ (၂၇၉) ဦးကို နည်းပြ ဆရာ၊ ဆရာမ (၂၂) ဦးက ဘာသာရပ်အလိုက် သင်ကြားရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင်