သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတွင် လောကနတ် (ပန်းပုနှင့် နိဗ္ဗာန်ကုန်) ဆိုင်က ရွှေသင်္ကန်းကပ်လှူရန် အလှူတော်ငွေ (၁၀၁) သိန်းလှူဒါန်း

သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီ အရံစေတီ (၁၈) ဆူနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် အလှူတော်ငွေ (၁၀၁) သိန်းအား စေတီတော်ဂါပကအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းကြောင်း သိရသည်။

အလှူရှင် နှစ်ဖက်သောမိဘများအား အမှူးထား၍ ဦးကျော်ဆွေ+ဒေါ်ဝင်းကြည် လောကနတ် (ပန်းပုနှင့် နိဗ္ဗာန်ကုန်) ဆိုင်သားသမီးနှင့် တပည့်များက လှူဒါန်းသည့် အလှူတော်ငွေ (၁၀၁) သိန်းအား ကျိုက္ကစံစေတီဂေါပကအဖွဲ့ ဦးခင်မောင်ထွန်းနှင့် အဖွဲ့ဝင်များက လက်ခံပြီး လှူဒါန်းမှုအစုစုအတွက် သာဓုသုံးကြိမ်ခေါ်ဆိုကာ ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး