ခရမ်း ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာ ညီညီနိုင်၏ ''ယခုပဲပစ္စုပ္ပန်မှာနေလိုက်ပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး Book Club အဖွဲ့ဝင် မောင်ပိုင်ပိုင်ဦးက စာရေးဆရာ ညီညီနိုင်ရေးသားသည့် "ယခုပဲပစ္စုပ္ပန်မှာနေလိုက်ပါ" စာအုပ်တွင် လူသားအားလုံး၏ ဘဝသည် မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားတွင် ကျင်လည်ရပ်တည်နေကြရသည့်အတွက် နေ့စဥ်ဘဝတွင်အမှားနှင့် အမှန်ဝေခွဲရခက်သည့် ပြဿနာများစွာကို ရင်ဆိုင်နေကြရမည်ဖြစ်ကြောင်း၊ မိမိတို့စိတ်ထဲတွင် အမြဲအသိ၊သတိတရားများ အမြဲနိုးကြားတက်ကြွနေဖို့လိုကြောင်းနှင့် သတိလက်လွတ်နေခြင်းသည် အကျိုးမဲ့အချည်းနှီးဖြစ်စေနိုင်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မသီရိလူအများထက်မိမိက သာလွန်ကောင်းမွန်သော တွေးခေါ်နိုင်မှသာလျှင် လူအများ၏ လေးစားမှုကိုခံကြရမည်ဖြစ်ကြောင်း၊ ဆရာသမားများ၏ လမ်းညွှန်ဆုံးမမှုများကို နာခံမှတ်သားသင့်ပါကြောင်းနှင့် လူတိုင်းအပေါ်တွင် သည်းခံခွင့်လွှတ်တတ်သည့် စိတ်ထားမွေးမြူသင့်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)