ဗိုလ်တထောင် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရုံးသို့ လာရောက်စာအုပ်ငှားနိုင်ခြင်းမရှိသော စာဖတ်ပရိသတ်စာငှားပရိသတ်များအား ယနေ့နေ့လယ် ၁ နာရီမှ ၃ နာရီအချိန်ထိ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်စာတိုက်သို့ စာပေဖတ်ရှုနိုင်ရန် ရုံးဌာနများသို့ လက်ဝယ်အရောက်သုတ/ရသစာအုပ်များအား ကွင်းဆင်းလှည့်လည်ငှားပေးကြသည်။
ထိုသို့ ကွင်းဆင်းငှားပေးခြင်းကို ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် အပတ်စဉ်အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသာပတေးရုံးဖွင့်ရက်များတွင် ဌာနဆိုင်ရာရုံးများရှိ စာပေဝါသနာရှင်ဝန်ထမ်းများ လက်ဝယ်အရောက် ပုံမှန်စာငှားရက်များ သတ်မှတ်ပြီး ကွင်းဆင်းလှည့်လည်ငှားပေးလျက်ရှိကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)