အလုံ ဇန်နဝါရီ ၁၄
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် ကာယ၊ ဥာဏပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့၀င် ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က စာဖတ်ရှိန်မြင့်တင်ရေးရည်ရွယ်ချက်များကို ပြောကြားခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေးက တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ ခေါင်းစဉ်နှင့် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ဥာဏပြိင်ပွဲများဖြစ်သော ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကာယပြိုင်ပွဲများဖြစ်သော ခါးလှည့်ကွင်းTeam Work ပြိုင်ပွဲ ၊ ပူးဖောင်း Team Work ပြိုင်ပွဲ၊ ခွက်ကောက်ပြိုင်ပွဲများအား ကျင်းပခဲ့ပြီး ဆုရရှိသော ကျောင်းသား/သူများအား မေတ္တာလက်ဆောင်ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ၊ နံရံကပ်ဘုတ်များအား စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)