မြစ်သား ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးစပါးစိုက်တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဦးတည်သော စပါးအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းကို ကံဆွယ်ကျေးရွာအုပ်စု မြင်းရွာလေးကျေးရွာ တောင်သူများထံ မြေပြင်ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီက ဆောင်ရွက်သည်။
မြစ်သားမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများ သီးနှံ၏ ဖြစ်နိုင်စွမ်းရှိသော အထွက်နှုန်းကို ဆုံးဖြတ်ရန်၊ လက်တွေ့အထွက်နှုန်းနှိုင်းယှဉ်ရန်၊ အထွက်နှုန်းကွာဟမှုကိုဖြစ်စေသော အကြောင်းအရင်းများကို ဖော်ထုတ်ရန်နှင့် အထွက်နှုန်းတိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းနိုင်နှင့် ကျေးရွာအုပ်စုတာဝန်ခံဝန်ထမ်း ၁၅ ဦးက မိုးစပါးစိုက်တောင်သူ ၄၀ ကျေးရွာအုပ်စုတာဝန်ခံ ဝန်ထမ်း ၁၅ ဦးက မိုးစပါးစိုက်တောင်သူ ၄၀ ထံမှ မှတ်တမ်းကောက်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝါဝါမြင့် (မြစ်သား)