ကရသူရိ ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများသာမက ပြင်ပအသိပညာ ဗဟုသုတများရရှိရေး၊ စာဖတ်အားကောင်းမွန်ရေး၊ စာအုပ်၊ စာပေချစ်မြတ်နိုးရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ က စာပေဖတ်ရှုပုံ၊ ဖတ်ရှုနည်းများ၊ မိမိစိတ်ဝင်စားရာ စာအုပ်၊ စာပေများရွေးချယ်ဖတ်ရှုမှု၊ တစ်ဦးချင်းအလိုက် ဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်းတို့ဖြင့် (၁၀)မိနစ်အကြာ လေ့ကျင့်ဖတ်ရှုခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာပေများကို ချစ်မြတ်နိုးလာပြီး စာဖတ်ဝါသနာရှင်များ တိုးပွားရေး အလေ့အကျင့်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။၊
ကရသူရိ(ပြန်/ဆက်)