လှိုင်သာယာ ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အလုပ်ခွင်ပြင်ပထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ထုတ်ပေးသည်။
အဆိုပါအကျုံးဝင်မှတ်ပုံတင် ထားသောPyan Hlwar Manufacturing Co,.Ltd စက်ရုံမှ အာမခံအလုပ်သမား ဦးမိုးကျော် (13008.313.8.1.104424)သည် လုပ်ငန်းခွင်မှ နေအိမ်သို့ စက်ဘီးဖြင့်အပြန်လမ်း၌ လူတစ်စု၏ ဝိုင်းရိုက်ခြင်းခံရ၍ သတိလစ်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားပါသဖြင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် ၄၃၂၀၀၀၀/-(ကျပ်လေးဆယ့်သုံးသိန်းနှစ်သောင်းတိတိ) အား သေဆုံးသူ၏ ဇနီးဖြစ်သူထံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက နယ်မြေတာဝန်ခံ၊ အလုပ်ဌာနမှ တာဝန်ရှိသူများ၊ မိသားစုဝင်များ၏ ရှေ့မှောက်တွင် ထုတ်ပေးလျက်ရှိကြောင်းနှင့် ၂၀၁၂ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားသည်။
ခင်၀င်းမူ (ပြန်/ဆက်)