ကျိုင်းတုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုင်းတုံ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ယမန်နေ့က  တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ် ကျေးလက်လမ်းဦးစီးဌာန၏ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ယန်းခကျေးရွာအုပ်စု၊ ၃၁ မိုင်အာခါရွာတွင် အရှည်ပေ ၁၅၀  ကြိုးတံတား ဆောက်လုပ်နေမှု၊ နောင်ဆာကချင်ကျေးရွာနှင့် နမ့်နီ/နမ့်လုံကျေးရွာအုပ်စု နမ့်ခမ်းကျေးရွာရှိ ပြည်သူများသွားလာနိုင်ရေး ပေ ၉၀ ကွန်ကရစ်တံတားဆောင်ရွက်နေမှု၊  နောင်ကုန်အုပ်စု၊ နောင်ကုန်ပါလင်ကျေးရွာ ကွန်ကရစ်လမ်း လုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးနိုင်ရန် လမ်းညွှန်မှာကြားသည်။

ထို့အပြင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ မိုင်းပတ်အောက်-နမ့်လင်းတောင်းကျေးရွာ၌ ဘောလုံးကွင်မြေနေရာရရှိရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)