မိုင်းခုတ်မြို့ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်​မြှင့်တင်​ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

မိုင်းခုတ် ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်​မြှင့်တင်​ရေး အသိပညာ​ပေးဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာအောင်က ကျောင်းသားလူငယ်များအတွက် စာဖတ်ခြင်းသည် မရှိမဖြစ်သော လိုအပ်မှုတစ်ခုဖြစ်ကြောင်း၊ စာအုပ် စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့် စာဖတ်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှုကိုလည်းများစွာ အထောက်အကူပြုပုံစသည်တို့ကို ဟောပြောသည်။

ထို့နောက် ဟောပြောပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြသထားသည့် စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခင်သန္တာအောင် (ပြန်/ဆက်)