သရက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ(၁၅)သိန်းကျပ် လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကွယ်လွန်သွားပြီဖြစ်သော ခင်ပွန်းဖြစ်သူ ဦးကျော်သိန်းနှင့် သားကြီး ဖြစ်သူဦးတင်သိန်းတို့အားရည်စူး၍ ပရိက္ခရာလမ်း၊ အမှတ်(၂) ဈေးရပ်ကွက်၊ သရက်မြို့နေ ဇနီးဖြစ်သူ ဒေါ်တင်သန်း ရွှေစင်မြင့်မိုရ် ရတနာရွှေဆိုင်နှင့် နဂါးနီ ကုန်မျိုးစုံဆိုင်) ကိုမင်းဇော်ဦး မခင်မိုးသူ သား မောင်ဟန်ဇင်မင်းထက် မိသားစုမှ အလှူငွေ(၁၅)သိန်းကျပ်အား လှူဒါန်းရာ သရက်ခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအုပ်စိုးလင်းက လက်ခံပေးခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)