ကျောက်မဲမြို့နယ်‌တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုနည်း သရုပ်ပြပွဲအခမ်းအနား ဆောင်ရွက်

ကျောက်မဲ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့ကျက်သရေဆောင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်း သရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲတွင် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိဇာနည်ကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံ၊ အသုံးပြုနည်းများအား ရှင်းလင်းပြသပေးပြီး တက်ရောက်လာသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်း (၂၅၀) ဦးခန့်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းကို စိတ်ဝင်တစား လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

ကျောက်မဲ‌မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း လက်တွေ့သရုပ်ပြခြင်းကို ရပ်ကွက်ကျေးရွာများတွင်လည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကော်မရှင်အရာရှိထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)