သဲကုန်း ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ကရင်ရင်းတိုက်တန်း)တွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူ များအား သိသင့်သိထိုက်သော အသိပညာဗဟုသုတများ ဟောပြောခြင်း၊ ပုံပြင်ပြောခြင်းနှင့် စာအုပ် စာစောင်များ ငှားရမ်းဖတ်ရှုစေခြင်း၊ ဗဟုသုတရဖွယ် နံရံကပ်စာစောင်များ ပြသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်း၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ Community Centre ၌ ပြပွဲ/ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခြင်း၊ ပြည်သူများသိသင့်သိထိုက်သော သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး Talk Show အစီအစဥ်များ ရိုက်ကူးတင်ဆက်ခြင်း၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်ရန်အတွက် စာအုပ်စာပေများ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)