မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club ) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

မရမ်းကုန်း ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁ဝ နာရီက (Book Club) စာပေချစ်သူများ အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာမ ချောချော (ချော်တွင်းကုန်း) ရေးသားထားသည့် ''အိမ်အိုလေးထဲကမိအိုဖအို'' ရသဝတ္ထုတိုဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မြေလတ်ထင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် ဒုတိယဦစီးမှူး‌ ဒေါ်ယဉ်ယဉ်‌မော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ‌‌ကျေးဇူးတင်စကားအား ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများနှင့် စာပေချစ်မြတ်နိုးသူများက စာရေးဆရာမ ချောချော (ချောတွင်းကုန်း) ရေးသားထားသည့် "အိမ်အိုလေးထဲက မိအိုဖအို'' ရသဝတ္ထုတိုပါ မိဘများကို သက်ရှိထင်ရှားရှိစဉ် တန်ဖိုးထားတတ်စေဖို့ အကြောင်းအရာများ၊ စကားလုံးအသုံးအနှုန်း၊ အကြောင်းအရာဆက်စပ်မှုလိုအပ်ချက်များ၊ ခံစားချက်များ၊ အတွေ့အကြုံများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ရဲထွန်း (ပြန်/ဆက်)