နတ်မောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃)က အားလပ်ချိန်များတွင် ကျောင်းစာကြည့်တိုက် သို့သွား၍ ဖတ်ရှုခြင်း၊ စာအုပ်စာပေများ မိမိဘာသာဝယ်ယူဖတ်ရှုခြင်း၊ သူငယ်ချင်းများနှင့် စာအုပ်များ လဲလှယ်ဖတ်ရှုခြင်း၊ အွန်လိုင်းတွင် စာအုပ်များ ရှာဖွေဖတ်ရှုခြင်းတို့ဖြင့် စာပေဖတ်ရှုသည့် အလေ့အထကို ပြုစုပျိုးထောင်နိုင်ပါကြောင်း၊ ကျောင်းသင်ခန်းစာများနှင့်ဆက်စပ်၍ ပြင်ပစာအုပ်များဖတ်ရှုခြင်း၊ ဆွေးနွေးခြင်းဖြင့်လည်း စာဖတ်ခြင်း အလေ့အထကို ပြုစုပျိုးထောင်နိုင်ပါကြောင်းစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ပြသပေးခဲ့ကြောင်း သိရသည်။
လှဝင်း