ကိုကိုးကျွန်း ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community-Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်တွင် Book Clubစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ Book Club စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ လူငယ်များ ဗလငါးတန်နှင့် ပြည်စုံပြီး ဘက်ပေါင်းစုံမှ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်နှင့် စာပေကိုချစ်မြတ်နိုးပြီး လေ့လာတန်ဖိုးထားတတ်သော လူငယ်များ ဖြစ်လာစေရန်ယခုလို Book Club စာဖတ်ဝိုင်းများကို ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာကျော်ကျော်လှိုင်ရေးသားသော အောင်မြင်မှုသို့ခြေ ၁၀၁ လှမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို စတင်ပြုလုပ်ရာ BookClub အသင်းဝင်ဦးသားငယ်မှ စိတ်ကူးယဉ်အိမ်မက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘဝကိုတန်ဖိုးထားခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဦးစိုးသိန်းမှ လုပ်ငန်းအစီစဉ်စွဲပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ အပြစ်မပြောပါနဲ့ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ရှုဆွေးနွေးခဲ့ကြပြီး ကျန်အဖွဲ့ဝင်များကလဲ အဆိုပါစာအုပ်ပါအခြားခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးဖတ်ရှုခဲ့ကြရာ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)