ရန်ကင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိ

ရန်ကင်း ဇန်နဝါရီ ၁

သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိကြောင်း သိရသည်။

အဆိုပါ MEVM မဲပေးစက်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသားမဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင် အသုံးပြုမည်ဖြစ်ပါသည်။ ရန်ကင်းမြို့နယ်တွင် မဲရုံစုစုပေါင်း (၃၀) ရုံရှိရာ အရန်မဲပေးစက်အပါအ၀င် MEVM မဲပေးစက် (၁၇၁) လုံး အသုံးပြုသွားမည်ဖြစ်ပြီး မဲပေးစက်များကို ဇန်နဝါရီ ၁ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် နည်းပြများနှင့် စက်ကိုင်တာ၀န်ထမ်းဆောင်မည့်သူများက တပ်ဆင်သွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် မဲရုံများအလိုက် မဲပေးစက်များ အဆင်သင့်အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လှလှထွေး (ပြန်/ဆက်)