နတ်မောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူ လူငယ်လူရွယ်များ စာပေဗဟုသုတများ သိရှိနားလည်ပြီး ဥာဏ်ရည်ထက်မြတ်သည့် ဘက်စုံထူးချွန်သောလူရည်မွန်၊ လူရည်ချွန်များဖြစ်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူ (၅)ဦးတို့မှ “မြန်မာနိုင်ငံနှင့်၎င်း၏ အိမ်နီးချင်းနိုင်ငံများ” နှင့် “ဥတု(၃) ပါးအကြောင်းစသည့်ခေါင်းစဥ်များဖြင့် အင်္ဂလိပ်လိုဖတ်ကြားပြီးပြိုင်ပွဲအား ယှဥ်ပြိုင်ကြရာဆုရရှိသည့် ကျောင်းသား/သူ များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လှဝင်း