သုံးခွ ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM (မဲပေးစက်) များ ယမန်နေ့ နေ့လယ်တွင် သုံးခွမြို့နယ်သို့ ရောက်ရှိလာပြီဖြစ်ရာ ၎င်းစက်များကို မြို့နယ်အားကစားခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များမှ လက်ခံသိမ်းဆည်ထားရှိသည်။
အဆိုပါ MEVM (မဲပေးစက်) များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ (၁၃၄၇၀၈) ဦး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံပေါင်း (၁၃၄) သတ်မှတ်ထား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့၀င်များ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူလင်း (ပြန်/ဆက်)