မြောက်ဥက္ကလာပမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၃) အောင်မြင်စွာ ကျင်းပနိုင်‌ရေးမဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၃) အောင်မြင်စွာကျင်းပနိုင်ရေးမဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများမှ ရာနှုန်းပြည့်မဲပေးနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှ ၂၀၂၆ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးမဲရုံများသို့ လာရောက်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများမှ ကြိုတင်၍ ဆော်ဩခြင်းများ၊ မဲစာရင်းတုံကင်ပြားများ မကြာမှီကာလအတွင်း ကြိုတင်ဝေငှထားကြရန်လိုကြောင်း မှာကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာမဲရုံတာ၀န်ရှိသူများက ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၃) အောင်မြင်စွာ ကျင်းပနိုင်‌ရေးမဲရုံများ ပြင်ဆင်ဆောင်ရွက်လျာထားမှုအခြေအနေ၊ ပြည်သူများ မိမိတို့ ရပ်ကွက်အတွင်း မဲစာရင်းပါရှိပြီး နီးစပ်ရာ မဲရုံများတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြကြရာ တာ၀န်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သက်လွင်စိုး (ပြန်/ဆက်)