မှော်ဘီ ဩဂုတ် ၄
မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိရာ ရေစီးရေလာ ကောင်းမွန်စေရန် အတွက် ယနေ့ နေ့လယ်ပိုင်းက မှော်ဘီမြို့နယ် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များနှင့် Max Myanmar Company မှတာဝန်ရှိသူတို့ ပူးပေါင်းကာ မြောင်းအတွင်းပိတ်ဆို့နေသော စည်းကမ်းမဲ့ ဗူးခွံများနှင့်အမှိုက်များကို ဆယ်ယူ တူးဖော် ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆောင်ရွက်ရာတွင် သန့်ရှင်းရေးဝန်ထမ်းများ စားသုံးရန် ဦးသစ်လွင် (ရတနာတိုး) မှ ငွေ ၂၀၀၀၀/- ကျပ်ကို လှူဒါန်းခဲ့ ကြောင်းသိရှိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)