ဝေါ ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင် ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း၌ ဧကရာဇ်ကျေးရွာတွင် ဧကရာဇ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်၏ အသင်းသားဖြစ်သည့် ဦးကျင်သန်းပိုင်ဆိုင်သော လယ်မြေ (၁၂)ဧကအတွင်း နွေစပါးစိုက်ပျိုးခြင်းကို ရေဆင်းပေါ်ဆန်း (၂)မျိုး၊ စပါး (၃)ဧကနှင့် ရက် (၉၀) မျိုးစပါး (၉) ဧကတို့အား Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ အမှုဆောင်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ နွေစပါးစိုက်တောင်သူများ တက်ရောက်ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)