အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ညောင်ချဥ်ကုန်းကျေးရွာ၌ ပြည်သူများအား ငှက်ဖျားရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်

အုတ်တွင်း ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး(၂) ဦးမင်းသိန်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ညောင်ချဥ်ကုန်းကျေးရွာရှိ ပြည်သူများအား ငှက်ဖျားရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်းခဲ့သည်။

အဆိုပါ ငှက်ဖျားရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းကို ကျွဲပွဲမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး(၂) ဦးမင်းသိန်းက ငှက်ဖျားရောဂါကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပြီး ဒေသခံပြည်သူ (၂၃)ဦးအား ငှက်ဖျားရောဂါပိုး ရှိ/မရှိ သွေးဖောက်စစ်ဆေးရာ ငှက်ဖျားရောဂါပိုးတွေ့ရှိသူမရှိပါကြောင်းနှင့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူ (၁၂၆)ဦးအား ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)