ရေကြည်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိ

ရေကြည် ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအားရေကြည်မြို့နယ် ဗထူးရပ်ကွက်၊ (၆)လမ်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်းသို့ ယမန်နေ့မွန်းလွှဲ (၃) အချိန်က‌ ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါအီလက်ထရွန်နစ်မဲပေးစက် (၆၄၁)လုံး၊ ဘက္ထရီ(၁၂၈၂)လုံး၊ Tablet (၁၁၀)လုံး ၊ Power bank (၁၁၀)လုံး၊ Charge Station (၁)ခုတို့အား မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ထည့်သွင်းသိမ်းဆည်းနေရာချထားခြင်း၊ ဆက်စပ်ပစ္စည်းများအား စနစ်တကျ ရေတွက်ခြင်းလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရေကြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးထံသို့ လွှဲပြောင်း/ လက်ခံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ၏ လုံခြုံရေးအား မြို့နယ်ရဲစခန်းမှတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ နေ့ညလုံခြုံရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)