ရေနံချောင်း ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပြိုဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် မာန်မြေကျေးရွာအုပ်စု မာန်မြေအနောက်စုကျေးရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ကြသည့် အိမ်ထောင်စုဝင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေများပေးအပ်သည်။
ထိုသို့ထောက်ပံ့ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြစ်ကမ်းပြိုဘေးအန္တရာယ်ကြောင့် မာန်မြေအနောက်စုကျေးရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွေ့အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)မှ လူဦးရေ ၁၂ ဦးအတွက် ပြောင်းရွေ့စရိတ် ၃၀၀၀၀၀ ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ ၆၀၀၀၀ ကျပ် စုစုပေါင်းထောက်ပံ့ငွေ ၃၆၀၀၀၀ ကျပ်ကို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)