မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြိတ် ဇန်နဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် သင်တန်းသူများအား လူငယ်များအနေဖြင့် လူမှုဘဝတွင် ကြုံတွေ့ရနိုင်သည့် ကောင်းကျိုးဆိုးကျိုးများသိရှိနားလည်စေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက သင်တန်းသူများအား လူကုန်ကူးမှုအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအကြောင်းအရာများ၊ Social media ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် Social media ၏ ကောင်းကျိုးဆိုးကျိုးများအကြောင်းကို  ဆွေးနွေးဟောပြောခဲ့သည်။

ထို့အတူ သင်တန်းသူများကို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ စာဖတ် ခြင်း၏အကျိုးကျေးဇူး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြသရာ သင်တန်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ လူငယ်ရေးရာဟောပြောပွဲသည် လူငယ်များ၏ အသိပညာတိုးတက်စေရန်သာမက ကောင်းကျိုးဆိုးကျိုးများကို သိရှိနားလည်ပြီး လူမှုဘဝအတွက် အထောက် အကူဖြစ်စေကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)