တောင်တွင်းကြီးမြို့နယ်၊ အမှတ် (၁၈၁) အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်/စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ဇီးတန်းကျေးရွာ၊ အမှတ် (၁၈၁) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်/စာစောင်ပြပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်နှင့် ဝန်ထမ်းများက ကျောင်းသား/သူများအား မြို့နယ်ပြည်သူစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်/စာစောင်များမှတစ်ဆင့် အသိပညာများတိုးပွားလာစေရန်၊ စာပေဗဟုသုတများ ကြွယ်ဝတိုးတက်လာစေရန် ရည်ရွယ်ပြီး ယခုလို စာအုပ်/စာစောင်ပြပွဲကို ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း၊ အခက်အခဲအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များနှင့် အလုပ်တာဝန်များဖြင့် မအားလပ်၍ မလာရောက်နိုင်သူများအတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ် စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

စာအုပ်/စာစောင်ပြပွဲတွင် သုတ၊ ရသစာအုပ်များ၊ ရုပ်ပြစာစောင်များ၊ အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသ၍ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ (၁၀၀)ဦးခန့် စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)