ကော့မှူး ဇန်နဝါရီ ၁၅
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု (၆၂) ခုရှိ မဲရုံ (၁၂၀) ရုံများတွင် အသုံးပြုခဲ့သော MEVM မဲပေးစက် (၅၂၅) လုံးနှင့် အရန်မဲပေးစက် (၇၂) လုံး၊ စုစုပေါင်း မဲပေးစက် (၅၉၇) လုံးကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်က ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ဆောင်ရွက်မည့် မြို့နယ်များသို့ လိုက်လံပို့ဆောင်ပေးနေကြောင်း သိရသည်။
အဆိုပါ MEVM မဲပေးစက်များကို ဒလမြို့နယ်သို့ (၄၂၆) လုံး၊ ဆိပ်ကြီးနောင်တိုမြို့နယ်သို့ (၁၂၄) လုံးနှင့် သာကေတမြို့နယ်သို့ (၄၇) လုံး စုစုပေါင်း (၅၉၇) လုံးအား မော်တော်ယာဥ် (၅) စီးဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာဆိုင်ရာများ လိုက်ပါလျက် သွားရောက်ပေးပို့လျက်ရှိပါကြောင်း သိရသည်။
ကျော်သူရ