မှော်ဘီ ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အဖွဲဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲဝင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးအေးလွင်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ရက်အား သတ်မှတ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးကြကာ ပြိုင်ပွဲများ ကျင်းပရေးအစီအစဥ်များ ဖျော်ဖြေရေးအစီအစဥ်များ မုတ်ဦးဖွင့်ပွဲနှင့် ပြပွဲပြိုင်ပွဲများ၊ ပျော်ပွဲရွင်ပွဲများ ကျင်းပနိုင်ရေးအတွက် နေရာချထားမှုအစီအစဥ်များအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြရာ ပွဲတော်ကျင်းပရေးဦးစီးကော်မတီက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)