မြောက်ဥက္ကလာပမြို့နယ်သို့ MEVM မဲပေးစက်များ ရောက်ရှိ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်သို့ ရောက်ရှိ‌လာကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါမဲပေးစက်များကို မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဟိန်း၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စိစစ်စစ်ဆေးလက်ခံရယူခဲ့ကြပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံ (၁၄၀) ရုံ၌ အသုံးပြုမည့် MEVM မဲပေးစက် (၇၅၉) လုံးနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာပြီးဖြစ်ရာ မဲရုံများတွင် အသုံးပြုနိုင်ရေးသက်ဆိုင်ရာ ကော်မရှင်အဖွဲ့များနှင့် မဲရုံအသီးသီးရှိ တာဝန်ရှိသူများထံ စနစ်တကျ ဆက်လက်လွှဲ‌ပြောင်းထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)