သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် (၂၇) ကြိမ်မြောက် ဩဝါဒပါတိမောက် အခါတော်နေ့နှင့် နှမ်းထမနဲစတုဒီသာပွဲ ကျင်းပမည်

ပုဇွန်တောင် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲ နှမ်းထမနဲစတုဒီသာပွဲနှင့် (၂၇) ကြိမ်မြောက် ဩဝါဒပါတိမောက် အခါတော်နေ့အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနှမ်းထမနဲစတုဒီသာပွဲတွင် ကုသိုလ်ပြုပါဝင်လှူဒါန်းလိုသော ကုသိုလ်ရှင်များအနေဖြင့် နှမ်းထမနဲ လေးပြည် (တစ်ဒယ်) လျှင် ငွေကျပ် ၄၀၀၀၀ (ကျပ်လေးသောင်းတိတိ) နှုန်းဖြင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ စေတီတော်ရှိ အလှူခံဌာနသို့ဖြစ်စေ သို့မဟုတ် ဖုန်း-၀၉-၅၀၄၈၇၂၃၊ ၀၉-၅၁၀၉၁၆၀၊ ၀၉-၂၅၄၂၀၀၁၄၆ ဖြစ်စေ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါကြောင်းနှင့် စတုဒီသာပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်မှစ၍ စေတီဝင်းအတွင်းရှိ သာသနဇောတိကဓမ္မာရုံတွင် ဧည့်ခံကျွေးမွေးမည်ဖြစ်ပြီး (၂၇) ကြိမ်မြောက် ဩဝါဒပါတိမောက်အခါတော်နေ့ညအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် တပို့တွဲလပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်