လသာမြို့နယ်၌ မဲပေးစက်များ လွှဲပြောင်းပေးအပ် ပို့ဆောင်ခြင်းဆောင်ရွက်

လသာ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထားရှိသော မဲပေးစက်အလုံး (၉၀) ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စနစ်တကျ စစ်ဆေးရေတွက်ပြီး လိုအပ်သည့် မြို့နယ်များသို့ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမဲပေးစက်များအား စမ်းချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လွှဲပြောင်းပေးအပ်မည့် မဲပေးစက် (၈၇) လုံးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လွှဲပြောင်းပေးအပ်မည့် မဲပေးစက် (၃) လုံးတို့ကို သီးခြားစီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မဲပေးစက်များ ပို့ဆောင်လွှဲပြောင်းခြင်း လုပ်ငန်းများအား မြို့နယ်ရုံးနှင့် တွဲဘက်ဌာနများမှ အင်အား (၁၅) ဦးဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး၊ လုပ်ငန်းများအားလုံးကို စနစ်တကျချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)