တွံတေး ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အသက် (၂၁) နှစ်အောက် (၁၄) ခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တွံတေးခရိုင်ကိုယ်စားပြုသည့် (၅) မြို့နယ်မှ အားကစားသမားများ ရွေးချယ်ခြင်းကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက တွံတေးမြို့မအားကစား၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသက် (၂၁) နှစ်အောက် (၁၄) ခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တွံတေးခရိုင်ကိုယ်စားပြု (၅) မြို့နယ်မှ အားကစားသမားများ ရွေးချယ်ခြင်းကို တွံတေး/ကော့မှူး/ကွမ်းခြံကုန်း/ဒလ/ဆိပ်ကြီးခနောင်တို မြို့နယ်များမှ အားကစားသမားများ ဝင်ရောက်၍ ရွေးချယ်ခံကြကြောင်း သိရသည်။
ယင်းလူရွေးပွဲသို့ မြို့နယ်များမှ အားကစားကြီးကြပ်ရေးကော်မတီများ အားကစားသမားများ တက်ရောက်ကြပြီး လာရောက်လူရွေးခံသည့် အသက် (၂၁) နှစ်အောက် အားကစားသမားများကို အုပ်စုခွဲကာ ယှဉ်ပြိုင်စေပြီး ဂိုး၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းတိုက်စစ်မှူးများကို တာဝန်ရှိသူများက ရွေးချယ်ပြီး လေ့ကျင့်ရေးများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်