မြိတ် ဇန်နဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မြိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးဖလား အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ(၁၄)ရက် ညနေပိုင်းက မြိတ်တောင်ကျေးရွာ အရှေ့သိမ်ဘောလုံးကွင်း၌ ကျင်းပသည်။
ဘောလုံးပြိုင်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က အမှာစကားပြောကြား၍ မြို့နယ်အားကစားမှူး ဦးထွန်းရှိန် က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း များကို ရှင်းလင်းပြောကြားသည်။
ပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် အိမ်ရှင် FC အသင်းနှင့် မြန်မာ FC အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အားက စားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၂၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဇန်နဝါရီ(၁၄)ရက်မှ ဖေဖော်ဝါရီ(၁၂)ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ခိုင်ထူး ( ပြန်/ဆက် )