ချမ်းအေးသာစံ ဇန်နဝါရီ ၁၅
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၄x၃၅ လမ်းကြား၊ ၈၂x၈၃ လမ်းကြားတွင် ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီ ၂၅ မိနစ်က ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားသည်။
မီးလောင်မှုဖြစ်ရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ဝင်းထွန်းပါ သန္ဓေမီးသတ် ၄၀ း၊ အရံမီးသတ် ၈၀ ပါဝင်သော မီးငြိမ်းသတ်ယာဥ် ၁၅ စီး၊ ရေသယ်ယာဥ် ၅ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၅ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုသည် ဦးလှသိန်း၏နေအိမ်တွင် ထမင်းပေါင်အိုးတည်ထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ ဖြစ်ရာမှတစ်ဆင့် မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးဘေးသင့် မိသားစု ၇ စုအား ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၄x၃၅ လမ်းကြား၊ ၈၂x၈၃ လမ်းကြားရှိ အရှေ့အပ်ချုပ်ဗလီတွင် ယာယီထားရှိမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)