တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးသို့တက်ရောက်

ထားဝယ်  ဇန်နဝါရီ  ၁

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မကြာခင်ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်း အနား၊ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် ပြခန်းများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများလစ်ဟာမှုမရှိစေရေးအတွက် ညှိနှိုင်းနိုင်ရန်ခေါ်ယူခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီဝင်များကအခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပြခန်းများခင်း ကျင်းပြသရေး၊  ဖျော်ဖြေရေးလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ စစ်ရေးပြ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး စသည့်လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)