ချမ်းအေးသာစံမြို့နယ်၌ ဝါယာရှော့ဖြစ်ပွားရာမှ မီးလောင်မှုဖြစ်ပွား

ချမ်းအေးသာစံ ဇန်နဝါရီ ၁

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၄ x ၃၅ လမ်းကြား၊ ၈၂ x ၈၃ လမ်းကြားတွင် ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီ ၂၅ မိနစ်က ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဦးလှသိန်း၏နေအိမ်တွင် ထမင်းပေါင်အိုးတည်ထားရာမှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်ခဲ့​​​​ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ဝင်းထွန်းပါ သန္ဓေမီးသတ် ၄၀ ဦး၊ အရံမီးသတ် ၈၀ ဦးတို့ပါဝင်သော မီးငြှိမ်းသတ်ယာဥ် ၁၅ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၄၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မီးဘေးသင့်မိသားစုဝင် ၇ စုအား ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ ၃၄ x ၃၅ လမ်းကြား၊ ၈၂x၈၃ လမ်းကြားရှိ အရှေ့အပ်ချုပ်ဗလီတွင် ယာယီထားရှိမည်ဖြစ်ပြီး အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)