ပြည်ကြီးမဏ္ဍိုင်မြို့၌ မုန်လာပင်များစိုက်ပျိုး

ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာသည့် ယခုအခါ မုန်လာပင်များကိုလည်း တစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် မုန်လာပင်များကို အိမ်ရှိမြေကွက်လပ်များတွင် နွေရာသီ၌ ရေသွင်း၍လည်းကောင်း၊ မိုးလယ်တွင်လည်ကောင်း မျိုးစေ့ချစိုက်ပျိုးကြပြီး အပင်များကောင်းမွန်စေရန်နှင့် ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး (၄) ပတ်အကြာတွင် ခူးဆွတ်နိုင်ကြောင်း မုန်လာဉကြီးလျှင် (၅) ပင် (၁) စည်းလျှင် (၁၅၀၀) ကျပ်၊ မုန်လာဉသေးပါက (၈) ပင် (၁) စည်းလျှင် (၁၀၀၀) ကျပ်ရရှိပြီး ထွက်ရှိသည့်ဟင်းသီးဟင်းရွက်များကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ ခြံတွင်းသို့ ကိုယ်တိုင်လာရောက်ဝယ်ယူခြင်းများ ရှိကြောင်း စိုက်ပျိုးရေး တောင်သူတစ်ဦးထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)