ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲက ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိ ပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊  နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်လူကောင်းများဖြစ်လာစေရန်၊ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး Grade-3 ကျောင်းသား၊ ကျောင်းသူများအား  စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းနှင့် ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ  ကျောင်းစာအပြင်  ပြင်ပဗဟုသုတများ  တိုးပွားလာစေရန်အတွက် တစ်ကြိမ်လျှင် အခန်း(၂)ခန်းနှုန်းဖြင့် တစ်ပတ်လျှင်(၁)ကြိမ် Grade-3 မှစ၍ Grade-8 အထိ အလှည့်ကျ စာအုပ်စာစောင်များအား လဲလှယ်ငှားရမ်းပေးခြင်းအပြင် ဉာဏ်စမ်းပြိုင်ပွဲများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ဒုတိယဦးစီးမှူး၊  ဒေါ်ကေခိုင်ဝင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)