နတ်မောက် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး ဦးစီးအရာရှိ(တွဲဖက်)ကလူငယ်ရေးရာနှင့်ပတ်သက်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့် လူငယ်တွေ အားလပ်ချိန်မှာအချိန်ကို အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ အွန်လိုင်းလိမ်လည်မှုဆိုင်ရာနှင့်ပတ်သက်၍ လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram၊ Viber ၊ YouTube၊ Messenger၊ TikTok တို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍ စာဖြင့်ဆက်သွယ်ကာငွေကြေးလိမ်လည်ခြင်း၊ သွေးဆောင်ကာလူကုန်ကူးခြင်းတို့ကို အွန်လိုင်းမှတစ်ဆင့် ကျူးလွန်ကြခြင်းကို အသိသတိဖြင့် ဆင်ခြင်ကြရန် ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
လှဝင်း