မြို့သစ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

မြို့သစ် ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက်   ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုထွေးက ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူ(၁၆၁)ဦးအားတစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) (၃)လအတွက် စုစုပေါင်းငွေကျပ် ၉၆၆၀၀၀၀/- (ကျပ်ကိုးဆယ့်ခြောက်သိန်းခြောက်သောင်းတိတိ)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)