ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ကြိုတင်မဲပေးနိုင်ရေးအတွက် ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးလျက်ရှိသည်။
ပစ္စည်းများထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုတင်မဲပေးရာတွင်အသုံးပြုမည့် မဲပုံး၊ပလပ်စတစ်ခြင်းတောင်းဆန္ဒပြုခန်း၊ မင်ဗူး၊ လုံခြုံရေးကြိုးများနှင့် ကြိုတင်မဲလက်မှတ်များကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများထံသို့ စနစ်တကျပေးအပ်ခဲ့ ပြီး၊ကြိုတင်မဲများကို ဇန်နဝါရီ ၁၅ ရက် မှ ၂၄ ရက် နေ့အထိ မဲပေးနိုင်ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူ (၂၆၁၂၁) ဦးရှိရာ၊ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်အလိုက် မဲရုံပေါင်း (၂၂) ရုံ သတ်မှတ်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝေယံ (ပြန်/ဆက်)