မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ​မြေပြင်ကွင်းဆင်းကြည့်ရှု

မှော်ဘီ ဇန်နဝါရီ ၁၅   

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊​ မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်က အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့်အဖွဲဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့်အဖွဲ့ဝင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဦးအေးလွင်၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ အ-ထ-က(၂)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးဆွေးနွေးကြကာ မုခ်ဦးဖွင့်ပွဲနှင့်ပြပွဲပြိုင်ပွဲများ၊ ပျော်ပွဲရွင်ပွဲများကျင်းပနိုင်ရေးအတွက် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)