မှော်ဘီမြို့နယ်၌ တိုင်းရင်းသားအခွင့်အရေး အသိပညာပေးဟောပြောခြင်းနှင့် အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မှော်ဘီ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေး အသိပညာပေးဟောပြောပွဲနှင့် အခြေခံနှင့်အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပတ်တန်းကျေးရွာအုပ်စု၊ ကိုးတောင်ရိုးကျေးရွာ၊ အ.မ.က (ကိုးတောင်ရိုး) ကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းစိုးကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှူဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင်းက ဝန်ကြီးဌာနမိတ်ဆက်ခြင်းနှင့် TA/LT ဆရာ၊ ဆရာမများ ခန့်ထားခြင်းအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ မှော်ဘီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထိုက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွှေရည်အောင်၊ သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နွေနွေအောင်တို့က ဌာနလုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယဒေညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းကို ဇန်နဝါရီ (၁၄) ရက်နေ့မှ မတ် (၁၄) ရက်နေ့ထိ (၂) လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကောင်းမြတ်သူ