လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များရောက်ရှိ

လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ် မဲပေးစက်များ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁ နာရီက အမှတ်(၆)ရပ်ကွက် သာသနာ့ဗိမာန် သုံးထပ်ကျောင်းဆောင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရာတွင် အသုံးပြုမည့် MEVM မဲပေးစက် (၅၁၇)လုံး၊ ဘတ္ထရီ(၉၇၈)လုံး၊ Power Station (၁)စုံတို့အား BGO-11 3M-7477၊ YGN-12 9A-3344၊ YGN-2 7I-4782၊ YGN-8 2R-1623၊ BGO-11 ၊2G-8370 ISUZU GIGA ကုန်တင်ယာဉ်(၅)စီးဖြင့် သက်ဆိုင်ရာတာ၀န်ရှိသူများက ပို့ဆောင်ပေးလျက်ရှိသည်။ အဆိုပါ MEVM မြန်မာအီလက်ထရောနစ် မဲပေးစက်များ‌ရောက်ရှိမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြသောင်းနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ လုံခြုံ‌ရေးတပ်ဖွဲ့၀င်များနှင့် တာဝန်ရှိသူများက ကြီးကြပ်လက်ခံပြီး စက်ကိုင်ဝန်ထမ်းများက စစ်ဆေးမှုများဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မဲရုံစုစုပေါင်း (၉၁)ရုံရှိပြီး မဲရုံများအလိုက် မဲပေးစက်များအဆင့်ဆင့် အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)