ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် အလုပ်ခွင်(ပြင်ပ) ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစာခွင့် ငွေလုံးငွေရင်းထုတ်ပေး

ဒဂုံမြောက် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော PTI Co;Ltd မှ အာမခံအလုပ်သမား ဦးအောင်မျိုးသန့်သည် (၁၇-၈-၂ဝ၂၅) ရက်နေ့ ည(၈:၀၀) ဝန်းကျင်ခန့်တွင် လုပ်ငန်းတာဝန်ပြီးဆုံး၍ နေအိမ်သို့အပြန် ယာဉ်မတော်တဆမှုဖြစ်၍ မြောက်ဥက္ကလာပဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ၁၈--၂၀၂၅ ရက်နေ့ နံနက် (၅:၁၂)နာရီခန့်တွင် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းကို(၁၄.၁-၂၀၂၆) ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော PTICo;Ltd ဌာနမှ အာမခံအလုပ်သမား ဦးအောင်မျိုးသန့်၏ အလုပ်ခွင်(ပြင်ပ) ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစာခွင့် ခွင့်ပြုငွေကျပ်-၇၅၀၀၀၀၀/- (ကျပ်ခုနှစ်ဆယ့်ငါးသိန်းတိတိ)အား မိခင်ဖြစ်သူ ဒေါ်ကျင်သန်းထံသို့ အလုပ်ဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များရှေ့မှောက်တွင် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့်အား ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ