ရန်ကင်း ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ် မဲပေးစက်များ Installation ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲကအမှတ် (၁၄)ရပ်ကွက်၊ သာသနာ့ဗိမာန်တွင် ဆောင်ရွက်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် မဲရုံစုစုပေါင်း (၃၀) ရုံရှိရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသား မဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင်အရန်မဲပေးစက်အပါအဝင် MEVM မဲပေးစက် (၁၇၁) လုံး အသုံးပြုသွားမည်ဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်သဲထက်ထက်လှိုင်နှင့် မဲပေးစက်ဆိုင်ရာကျွမ်းကျင်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များက ဦးဆောင်၍ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ စက်ကိုင်ဝန်ထမ်းများက Installation လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ MEVM မဲပေးစက်များ Installation လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)