တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းလေဆိပ်၊‌ လေဆိပ်ကုန်စည် အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်‌‌နေမှုများအား လမ်းညွှန်မှာကြား

ကော့သောင်း ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ လေဆိပ်ကုန်စည်အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်‌‌နေမှုအား ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ ကော့သောင်းလေဆိပ်၊ လေဆိပ်ကုန်စည်အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်‌နေသည့် တည်‌ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူ‌က ကော့သောင်းလေယာဉ်ကွင်းတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနေရာများ၊ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေများ၊ ကော့သောင်းလေဆိပ် ကုန်စည်အဆောက်အဦ (၁၂၀ × ၆၀) ပေတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကော့သောင်းလေဆိပ်၊ လေဆိပ်ကုန်စည်အဆောက်အဦ (၁၂၀ × ၆၀) ပေတည်ဆောက်ခြင်းလုပ်ငန်းနှင့် ကော့သောင်းလေယာဉ်ကွင်းအတွင်း ဆောင်ရွက်လျက်ရှိသည့် လေယာဉ်ပြေးလမ်း ကတ္တရာ‌ရေပိတ်လွှာတင်ခြင်းလုပ်ငန်း၊ လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းလုပ်ငန်းနှင့် အောက်ခံကျောက်လွှာဆောင်ရွက်ခြင်းလုပ်ငန်း၊ လေဆိပ်ခြံစည်းရိုး ဆောင်ရွက်ခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)