ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ် မဲပေးစက်များ Installation ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၆၁)ရပ်ကွက်၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မဲရုံစုစုပေါင်း (၈၇) ရုံရှိရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသားမဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင် MEVM မဲပေးစက် (၄၆၂) လုံး အသုံးပြုသွားမည်ဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဒေါ်ပန်းမို့မို့သူနှင့် မဲပေးစက်ဆိုင်ရာကျွမ်းကျင်မှုအဖွဲ့များ၊ နည်းပညာ အထောက်အကူပြုအဖွဲ့များ၊ နည်းပြ ၁၀ ဦးတို့က ဦးဆောင်၍ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ စက်ကိုင်ဝန်ထမ်းများက Installation လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ MEVM မဲပေးစက်များ Installation လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြ သည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)